စီထိုင်းပုဂံစက်ရုံက မြန်မာတွေ ဦးဇင်းတို့နေတဲ့ ဘုန်းကြီးကျောင်း ရောက်လာတုန်းက
အထဲက သီချင်းလေးက နိုင်ငံရေးလေး ပါနေပါတယ်။ ဦးဇင်းရည်ရွယ်တာက ဒီလိုပါ။ နိုင်ငံခြားမှာ အလုပ်လုပ်နေရတဲ့ မြန်မာတွေဟာ ငွေအသပြာတစ်ခုအတွက်ကြောင့်သာ ရောက်လာတာများပါတယ်။ နောက် နိုင်ငံရေးခိုလှုံ။ အားလုံးရဲ့ ပါးစပ်ဖျားမှာ ကျွန်တော် ကျွန်မတို့ နိုင်ငံက လောက်ငှပြည့်စုံပါတယ်၊ နောက်ထပ် စီးပွားရေး နိုင်ငံရေး အခြေအနေတွေကို လေ့လာချင်လို့သာ လာတာပါလို့ ပြောစရာစကားမရှိတာ တွေ့နေရပါတယ်။ အများစုက ခေါင်းခါတဲ့ အချိန်လို့ ပြောရမှာပါ။ ဦးဇင်းတို့မြန်မာမှာ စီးပွားရေးအခြေအနေ မဟန်သေးလို့ နေနေရတာပါ၊ မပျော်ပါဘူး ဆိုတဲ့ သဘောပါ။ တစ်ချို့က ပွင့်ပွင့်လင်းလင်းပဲ ရင်ထဲခံစားရတဲ့အတိုင်း ပြောပြတတ်ကြပါတယ်။ အဲဒီခံစားချက်မျိုးလေးတွေက ဒီသီချင်းလေးထဲက ဟာလေးတွေနဲ့ တိုက်ဆိုင်နေတတ်ပြန်ပါတယ်။ အဲဒါကြောင့် သူတို့တတွေရဲ့ကိုယ်စား အုပ်စုတစ်ခုက ပြောပြတဲ့ သီချင်းနဲ့ရင်ဖွင့်တာလေးကို ထည့်ပေးလိုက်တာပါ။
သူတို့လည်း အားလုံးကို ဆိုလိုမယ်မထင်ပါဘူး။
လူသားတွေပဲလေ။
ပြောခံရတဲ့ထဲ ကိုယ်မပါရင် ပြီးတာပါပဲ။