Tuesday, 25 October 2011
Independent Study Presentation
Monday, 24 October 2011
အနေကောင်း အသေကောင်းနည်း
ကိစ္စမများ၊ စကားနည်းစေ
အိပ်နေမှုနည်း၊ ကိုယ်တည်းပျှော်လေ။
ရောနှောမှုကင်း၊ ချဲ့ခြင်းရှောင်လေ။
အနေကောင်း အကြောင်းဂုဏ်ခြောက်ထွေ၊
အသေကောင်း အကြောင်းဂုဏ်ခြောက်ထွေ။
မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ
https://www.facebook.com/shwechee ဆီက
ပုံလေးရောစာလေးပါ ကြိုက်လို့ ယူတင်လိုက်မိတာပါ။
အိပ်နေမှုနည်း၊ ကိုယ်တည်းပျှော်လေ။
ရောနှောမှုကင်း၊ ချဲ့ခြင်းရှောင်လေ။
အနေကောင်း အကြောင်းဂုဏ်ခြောက်ထွေ၊
အသေကောင်း အကြောင်းဂုဏ်ခြောက်ထွေ။
မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ
https://www.facebook.com/shwechee ဆီက
ပုံလေးရောစာလေးပါ ကြိုက်လို့ ယူတင်လိုက်မိတာပါ။
Monday, 17 October 2011
ထိုင်းတောင်ပိုင်း IBC ပင်မကောလိပ်ကျောင်းသို့ ခရီးစဉ်လေး
Slideshow on Photo
2011 ဘွဲ့နှင်းသဘင်ကို ထိုင်းတောင်ပိုင်း Sadao District, Songkhla မှာ ရှိတဲ့ IBC ပင်မကောလိပ်ကျောင်းမှာ ကျင်းပမှာမို့ ကျောင်းသားအားလုံးလို သွားခဲ့ကြပါတယ်။ မြန်မာ(၄)ပါးထဲက ဦးဇင်းတစ်ပါးပဲ လိုက်သွားတာပါ။ Pak Thong Chai မြို့လေးကနေ နေ့လည် (၁)နာရီ ကျော်လောက်မှာ စ-ထွက်ပါတယ်။ ကားအပေါ်ထပ်မှာ ကျောင်းသားတွေ၊ အောက်ထပ်က ကျောင်းသူတွေ နဲ့ ဆရာမတွေ လိုက်ပါတယ်။ အောက်ထပ်မှာ မိုက်တစ်လုံး အပေါ်ထပ်မှာ မိုက်တစ်လုံး။ အပေါ်ထပ်က ရဟန်းကျောင်းသားတွေက အလှည့်ကျ ကိုယ့်နိုင်ငံအသံထွက်နဲ့ ပါဠိဂါထာတွေ သုတ်တော်တွေ ကို ရွတ်ပါတယ်။ လူကျောင်းသားတွေက သီချင်းဆိုကြပါတယ်။ အောက်က တရုတ် ကိုရီးယား မဟာယာနသီလရှင်တွေက ၀တ်ရွတ်ပြီး ကျောင်းသူတွေက သီချင်းဆိုရပါတယ်။ ကိုယ်ဖြစ်သလောက် မဖြစ်မနေ တောင်းဆိုခံရတာပါ။ ဦးဇင်းကတော့ မေတ္တသုတ်လေးပဲ ရွတ်ခဲ့ပါတယ်။
အပေါ်ထပ်နဲ့ အောက်ထပ် တစ်လှည့်စီ ရွတ်လိုက်ဆိုလိုက်နဲ့ ညနေခင်းပိုင်း မှောင်ရီပျိုးစအချိန်မှာ ဘန်ကောက် မဟာချူလာလောင်ကွန် တက္ကသိုလ်ကို ရောက်ပါတယ်။ အဲဒီမှာဆက်တက်နေကြတဲ့ IBC ဘွဲ့ယူကျောင်းသားတွေကို ၀င်ပြီး ခေါ်တာပါ။ (၁၅)မိနစ်လောက် လှည့်ပတ်ကြည့်ပြီး ဆက်ထွက်ခဲ့ကြပါတယ်။ တစ်ညလုံး ကားပေါ်မှာပါ။ ထိုင်းမှာ အဲလောက်ကားစီးရတာ နောက်တစ်ခါ ဘယ်တော့မှ ကြုံမယ်မထင်ပါဘူး။ တစ်ညလုံးပဲ မိုးကဖွဲလိုက်သဲလိုက် အိပ်လိုက်ငိုက်လိုက်။ နောက်နေ့ မနက်(၁၀)နာရီ ထိုးခါနီးမှ IBC ပင်မကောလိပ်ကျောင်းကို ရောက်ပါတယ်။
ကျောင်သားဆောင်အလွတ်တစ်ခုမှာ နေရာချထားပေးပါတယ်။ ကျောင်းရောက်ရောက်ချင်း အားလုံးက ရေချိုးချင်နေကြတာ။ ကံဆိုးချင်တော့ ရေပိုက်လိုင်းတွေ ပျက်နေတာနဲ့ ကြုံရတယ်။ ရေနောက်ရေ၀ါတွေ ထွက်နေတာပါ။ မနေနိုင်တော့လဲ ချိုးကြရတာပါပဲ။
ရေမိုးချိုးပြီး ပင်မဆောင်ကြီးဆီ ရောက်သွားတော့ မြန်မာဟန်နဲ့ ရဟန်းတွေကို တွေ့တယ်။ မိတ်ဆက်လိုက်တော့ အသစ်ရောက်နေတဲ့ မြန်မာကျောင်းသား ရဟန်းတွေပါ။ (၁၅/၁၆)ပါးလောက် ရှိမယ်ထင်တယ်။ သူတို့ခေါ်လို့ အင်တာနက်ခန်းထဲ လိုက်သွားတော့ မန္တလေးသာသနာ့တက္ကသိုလ် က ၀ါရင့်ကျောင်းသားကြီး ဦးသုန္ဒရ ကို တွေ့လိုက်ရပါတယ်။ ၀မ်းသာအားရ စကားတွေပြောခဲ့ကြရပါတယ်။ ကျောင်းသားသစ်တွေကိုပဲ ပင်မကောလိပ်မှာ ထားတယ်လို့ သိလိုက်ရတယ်။ ပထမတစ်နှစ်နေပြီးမှ ဦးဇင်းတို့နေတဲ့ ကောလိပ်ကျောင်းကို ပို့တာလို့ ပြောပါတယ်။ ဦးဇင်းတို့က ပင်မကောလိပ်မှာ မနေလိုက်ရတော့ မသိပါဘူး။ ၂၀၁၁ ကျောင်းသားနေရာချထားမှုကို အဲဒီကျမှ သိရတာပါ။ မြန်မာကျောင်းသားသစ် ရဟန်းတော်တွေ အားလုံးဟာ ဘီအေကို တန်းမဂျွိုင်းပဲ အင်္ဂလိပ်စာအထူးပြု တက်နေကြတာပါ။ သီရိလင်္ကာက M.A ပြီးခဲ့တဲ့ သာသနာ့တက္ကသိုလ်ထွက် မြန်မာရဟန်းတစ်ပါးလည်း ပါပါတယ်။ သူကတော့ ၀င်ခွင့်ရယ်လို့ မဖြေဘဲ ကျောင်းကိုတိုက်ရိုက်သွားပြောပြီး တက်နေတာပါ။ တစ်ပါးတည်း သီးသန့် အင်္ဂလိပ်စာ အထူးပြု လေ့လာနေတာပါ။ အဲဒီဘက်မှာလဲ မြန်မာအလုပ်သမားတွေ ရှိတယ်လို့ သိခဲ့ရပါတယ်။ ထူးခြားတာတစ်ခုက အပြင်ထိုင်းကျောင်းမှာ နေရာချထားခြင်းခံရတဲ့ ကျောင်းသားတွေကို ကားနဲ့အကြိုအပို့ လုပ်ပေးတယ်ဆိုတာပါ။ ဦးဇင်းတို့ဆီမှာ အဲလို မရှိပါဘူး။ အားလုံးက ၀မ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြတဲ့ အတွက် ကျေဇူးတင်ကျေနပ်မိပါတယ်။ မြန်မာဟာ မြန်မာပါပဲဆိုတာ အပြုံးတွေက သက်သေပြခဲ့ပါတယ်။
(၁၁)နာရီကျော်လောက်မှာ ဆွမ်စားကြပြီး (၁)နာရီမှာ ဘွဲ့နှင်းသဘင်ကို စတင်ပါတယ်။ မြန်မာက မွန်ရဟန်းတော် ဦးဝါယမိန္ဒ က M.A ဘွဲ့ လက်ခံရရှိခဲ့ပါတယ်။ မလေးရှာက မြန်မာမလေးတစ်ယောက်ရဲ့ ခင်ပွန်းလည်း M.A ဘွဲ့ တက်ယူတာ တွေ့ခဲ့ရတယ်။ ဘွဲ့နှင်းသဘင်အပြီးမှာ နိုင်ငံတကာစိမ်းလမ်းစိုပြေရေး အမှတ်တရအဖြစ် သစ်ပင်စိုက်ပွဲလေးပါ တစ်ဆက်တည်း ဆက်လက်ကျင်းပတာမို့ မြန်မာအလံ(ဟောင်း)ကို တွေ့မြင်ရတာ ဖြစ်ပါတယ်။
ညနေ (၄)နာရီခွဲမှာ ပြန်ထွက်ခဲ့ကြပါတယ်။ ဒီအပြန်လမ်းမှာတော့ ပရော်ဖက်ဆာတွေနဲ့ ဆရာမတွေ အပါအ၀င် ဘွဲ့ရကျောင်းသားကျောင်းသူတွေက သီချင်းတွေ ဆိုကြပါတယ်။ နာမည်ကျော် လူကြိုက်များတဲ့ ကုလားသီချင်း အင်္ဂလိပ်သီချင်းတွေ ကို သီဆိုခဲ့ကြတာပါ။
လမ်းကားနားတဲ့ဆိုင်တစ်ဆိုင်မှာတော့သန့်စင်ခန်းဆိုင်ဘုတ်ကို မြန်မာလိုပါ ရေးထားတာတွေ့ခဲ့ရပါတယ်။ ဒါကိုကြည့်ရင် အဲဒီမှာလဲ မြန်မာတွေ ရှိနေတယ်ဆိုတာ သိသာပါတယ်။ မြန်မာဆိုင်များလားလို့ မေးကြည့်တော့ မဟုတ်ဘူးတဲ့။ ကားပေါ်ရောက်မှ သတိရလို့ ဘယ်နေရာဆိုတာ ကျောင်းသားတွေကိုမေးပြန်တော့ ထိုင်းကျောင်းသားတွေတောင် မသိတာနဲ့ ငြိမ်နေလိုက်ရပါတယ်။
ညသန်းခေါင်ကျော်လောက်မှာ ပြောတဲ့သူတွေစကားအရ ဘွတ်ဘူရီ နားက သူရဋ္ဌာနီး ဆိုတဲ့ နေရာကို ရောက်ပါတယ်။ အဲဒီမှာ ညဈေးတန်းကြီး ရှိတယ်။ ငါးပိ ငါးခြောက်တွေပါ ရတယ်။ ဦးဇင်းကတော့ ငါးပိမစားရတာ ကြာလို့ ငါးပိဘူး တစ်ကပ်ဝယ်ခဲ့လိုက်တယ်။ အဲဒီနောက် လမ်းမှာ သုံးလေးခါလောက် နားရပါသေးတယ်။ ညနေခင်း (၅)နာရီကျော်လောက်မှ ဦးဇင်းတို့ ကောလိပ်ကျောင်းကို ပြန်ရောက်ခဲ့ကြပါတယ်။
Sunday, 16 October 2011
Saturday, 15 October 2011
ထိုင်းတောင်ပိုင်းက ပင်မကောလိပ် (IBC Main Compass)
Subscribe to:
Posts (Atom)