၉၆၉ အမှတ်တံဆိပ်သည် Buddhist Logo တစ်ခုအနေဖြင့်သာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မှတ်ပုံတင်မှု မရှိခဲ့သော်လည်း စိတ်ကူးပုံဖော်၍ အသုံးပြုခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း မော်လမြိုင်သာသနပါလအဖွဲ့က လက်ကမ်းထားသော စာအုပ်လေးတွင် တွေ့နိုင်ပါသည်။ မှန်ပါသည်၊ ဆရာတော်ဦးဝီစိတ္တ(၀ီရသူ) ထို့နောက် သာသနပါလအဖွဲ့ ၄င်းတို့၏ ဆော်သြမှုမတိုင်မီကပင် အချို့နေရာများတွင် “၉၆၉” ဂဏန်းသင်္ကေတသက်သက်ဖြင့် အသုံးပြုနေကြသည်ကို တွေ့မြင်နေခဲ့ရသည်။ နောက်ပိုင်း သာသနပါလအဖွဲ့က သာသနာ့အလံ၊ ပဋ္ဌာန်းစက်ဝိုင်း နှင့် အသောကခြင်္သေ့ခံ ပုံများ နောက်ခံထားပြီး ၉၆၉ လိုဂိုအမှတ်တံဆိပ်ကို ဖန်တီးပြီး Sticker(ကော်ကပ်)များ ပြုလုပ်ဖြန့်ဝေပေးရာမှ (လွယ်ကူစွာ အသုံးပြုနိုင်သည့်အတွက်) တွင်ကျယ်လာခဲ့ခြင်း ဖြစ်သည်။
၉၆၉ အမှတ်တံဆိပ်သည် ဘာသာရေးဆူပူအုံကြွမှုအတွက် တွန်းအားတစ်ခု မဟုတ်သလို နိုင်ငံရေးအတွက်လည်း အနှောက်အယှက် မဖြစ်နိုင်ပါ။ ထို့ကြောင့် ၉၆၉ အမှတ်တံဆိပ်ကို ဖန်တီးအသုံးပြုခြင်းကို မှားယွင်းသည်ဟု မမြင်ပါ။ သို့သော် အများနှင့်သက်ဆိုင်သော Logo တစ်ခုကို တစ်ဦးတစ်ယောက်တည်း (သို့) အနည်းစုလေးက ဖန်တီးလိုက်ခြင်းအတွက် ပြောစရာများ ဖြစ်လာသည်။ အလုပ်လုပ်လျှင် အပြောအဆိုနဲ့ မကင်းနိုင်ဟုသာ ကူပြီးဖြေသိမ့်မိပါသည်။ (ထိုသို့ ဗုဒ္ဓဘာသာဝင်အားလုံးနှင့်ဆိုင်သော အမှတ်တံဆိပ်တစ်ခု ရှိသင့်သည် သုံးသင့်သည် ဆိုသော အကြံဥာဏ်နှင့် လုပ်ဆောင်ချက်များမှာ သံဃာ့အကြီးအကဲများ နှင့် သာသနာရေးဌာန တို့မှ ထွက်ပေါ်လာသင့်သည်။ သို့မှသာ အရှုပ်အရှင်း ကင်းနိုင်မည် ဖြစ်သည်)။ “တံဆိပ်က ဘယ်လိုကြီးလဲ” ဟု မေးမြန်းလာသူများကို တွေ့ရသည့်အပြင် အချို့က စိတ်ကြိုက်ဖြတ်ကပ် လုပ်တတ်ကြသည်ကိုလည်း တွေ့ရသည်။ (အချို့က ၉၆၉ ဆိုတဲ့ဂဏန်းတွေက ဘာကိုပြောတာလဲဟုပင် မေးမြန်းကြမှာ လွန်စွာ ၀မ်းနည်းစရာကောင်းသည်)။ ဤအတွေ့အကြုံများကြောင့် အကျွန်ုပ်စိတ်ထဲတွင် ၉၆၉ Logo လေးတစ်ခု ဖန်တီးကြည့်လိုသော ဆန္ဒတစ်ရပ် ထင်ဟပ်လာခဲ့သည်။ ဆန္ဒအတိုင်း ဖန်တီးရန်ကြံလိုက်သောအခါ ရှိပြီးသား အမှတ်တံဆိပ်အတွက် အနှောက်အယှက် ဖြစ်နေမည်လားဟု စဉ်းစားမိပြန်ပါသည်။ ထို့ကြောင့် နိုင်ငံတကာသုံး အင်္ဂလိပ်စာ အင်္ဂလိပ်ဂဏန်းများကို အသုံးပြုခြင်း၊ အရောင်ကို သာသနာ့အလံပါ အရောင်များကိုသာ အသုံးပြုခြင်း စသည်ဖြင့် လွှဲဖယ်ဖန်တီးကြည့်လိုက်မိပါသည်။
အထက်ပါ အမှတ်တံဆိပ်တွင်
(၁) ရောင်ခြည်ခြောက်သွယ်ကို လက်ယာရစ်လှည့်ပတ်ထားသည်။
(၂) ပဋ္ဌာန်း (၂၄)ပစ္စည်း စက်ဝိုင်းကို အလယ်တွင်ထား၍ရောင်ခြောက်သွယ်မှအရောင်နှစ်မျိုးဖြင့် ခြယ်မှုန်းထားခြင်းမှာ သာသနာတော်တွင် ဗဟို(အဓိက)ကျသော ရဟန်းသံဃာတို့၏ သင်္ကန်းရောင်ကိုလည်း ရည်ရွယ်ထားခြင်း ဖြစ်သည်။
(၃) မဂ္ဂင်ရှင်ပါး ဘီးပုံကို ရောင်စုံခြယ်၍ အဖြူရောင်ပေါ်တွင် တင်ပြထားခြင်းမှာ သာသနာ့အလံပါ ရောင်ခြယ်ခြောက်သွယ်ကို ရည်ညွှန်းကြောင်း သိစေရန် ဖြစ်သည်။
(၄) ဘယ် ညာ ရောင်ခြည်ငါးသွယ်မှာ ငါးရောင်ခြည်ရောထားသည့် တစ်ရောင်တည်းဖြစ်ကြောင်း သိစေရန် ရောင်စုံစက်ဝိုင်းကို အဖြူရောင်ပေါ်တွင်တင်ပြထားခြင်း ဖြစ်သည်။
ထို့နောက် ဂဏန်းရှုထောင့်မှကြည့်လျှင်လည်း ----
(၅) ၉၆၉ ကို ပေါင်းလျှင် (၂၄) ယူ၍ ပဋ္ဌာန်း (၂၄)ပစ္စည်းကို ရည်ညွှန်းနိုင်သည်။
(၆) ၂၄ ကို (၂+၄) ပေါင်းလျှင် (၆) ရသည်။ တရား(ဓမ္မ)ဂုဏ်တော်ခြောက်ပါးကို ရည်မှန်းနိုင်သည်။ ဗုဒ္ဓဘာသာသည် ဓမ္မဖြစ်သည်။
(၇) ၉၆၉ ၏ ပြောင်းပြန်အနေဖြင့် အောက်သို့ရောက်နေသော ၆၉၆ (=၂၁) သည် ၉၆၉ မဟုတ်သည့်အတွက် အမှန်မဟုတ်ဟု ကောက်ယူနိုင်သည်။
(၈) ၉၆၉ မဟုတ်လျှင် ဗုဒ္ဓဘာသာဝင်ပါဟုလည်း မပြောနိုင်တော့သည်ကို ၆၉၆ နှင်အတူ ပြောင်းပြန်ဖြစ်နေသော စာသားများက ရည်ညွှန်းဖော်ပြပါလိမ့်မည်။
(၉) I am a Buddhist. = ကျွန်တော်/ကျွန်မသည် ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သည်။ We are Buddhists. = ကျွန်တော်/ကျွန်မတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။
အထက်ပါ ဒုတိယမြောက်စိတ်ကူးပုံဖော်ထားသော အမှတ်တံဆိပ်တွင်
(၁) သာသနာ့အလံများဖြင့် ခြံရံထားသည်။
(၂) ၉၆၉+၉၆၉= ၄၈။ ၄+၈=၁၂။ ၁+၂=၃။ ပေါင်းခြင်း၏ နောက်ဆုံးရလဒ်မှာ (၃) ဖြစ်သည်။ ရတနာသုံးပါးကို ရည်ရွယ်သည်။ (၂၁ မှ ရသော ၃ မဟုတ်၊ ၁၂ မှ ရသော ၃ ကိုသာယူသည်)
(၉၆၉ တွင် နိုင်ငံ ကန့်သတ်မှုမရှိသော Common Variant Flag ကို သုံးထားပါသည်။)
အထက်ပါ အမှတ်တံဆိပ် နှစ်မျိုးတွင် ပိုပြီးနှစ်သက်သော ပုံကို Facebook မှာ Like လုပ်ခြင်းဖြင့် ရွေးခြယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပထမပုံကို ပိုနှစ်သက်တယ်
ဒုတိယပုံကို ပိုနှစ်သက်တယ်
အထက်ပါ အမှတ်တံဆိပ် နှစ်မျိုးတွင် ပိုပြီးနှစ်သက်သော ပုံကို Facebook မှာ Like လုပ်ခြင်းဖြင့် ရွေးခြယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပထမပုံကို ပိုနှစ်သက်တယ်
ဒုတိယပုံကို ပိုနှစ်သက်တယ်
No comments:
Post a Comment