He is famous in upper Myanmar as a great monk who has Super-normal Power and knows others thinking of mind.
ဆရာတော် ဦးတေဇိန္ဒသည် မြန်မာပြည်အထက်ပိုင်း၊ စစ်ကိုင်းတိုင်းတွင် သမထဘာဝနာကို အောင်မြင်စွာ ပွားများနိုင်ခဲ့ပြီး ဈာန်ရဘုန်းရှင် ထေရ်အရှင်အဖြစ် ဂုဏ်သတင်းကျော်စောတော်မူသည်။ လက်တွေ့အဖြစ်ဆန်းများလည်း ကြုံတွေ့ဖူးသူများပြားပါသည်။ သူတပါး၏စိတ်အကြံအစည်နှင့် အဖြစ်အပျက်များကို အဝေးနေရာ အချိန်ကာလမဆိုင်း ဟုတ်တိုင်းမှန်စွာ သ
ိမှုတွင်
ဒကာဒကာမ များစွာက အလွန်ပင် လက်ခံကြရသည်။ သို့ဖြစ်သည့်အတွက် ချဲအကွက်
ရေပန်းစားလှသော ရွှေမြန်မာများသည်လည်း အနံ့ခံကာ ပေါက်ရောက်လာတတ်ကြသည်။
ဆရာတော်သည်ကား ဘုရားရှင်၏ တရားစစ်တရားမှန်ကိုသာ တွင်တွင်ကျယ်ကျယ်
ဟောတော်မူလေ့ရှိသည်။ ရတနာသုံးပါးနှင့်စပ်သော စိတ်စေတနာ မပါသွားသူများ
ဆရာတော့်ရှေ့မှောက် ရောက်လျှင် အခက်ကြုံရတတ်သည်။ ပြောင်ပြောင်တင်းတင်း
ဆိုဆုံးမခြင်း ခံရတတ်သကဲ့သို့ ကိုယ်နှုတ်စိတ် အမူအယာ
ကြမ်းတမ်းသူများအနေဖြင့် တောင်ဝှေးရာလည်း အတင်ခံရတတ်သေးသည်။ လိုင်းပေါ်တွင်
ဆရာတော်အားကြည်ညိုကြဖူးသူများ ရှိပါသည်။ တောင်ဝှေးရာ
ခံနှိပ်ခံရဖူးသူများလည်း ရှိပါသည်။ ဖူးတွေ့ဖူးသူအားလုံးသည် ဆရာတော်အပေါ်
သံသယကင်းစွာဖြင့် ကြည်ယုံမြတ်နိုး တန်ဖိုးထားကြသူများချည်းသာ ဖြစ်သည်။
ဆရာတော်၏ ဆိုဆုံးမမှုများအပေါ် အပြစ်တော်မမြင်နိုင်ကြဘဲ
ချစ်ကြောက်ရိုသေကြသူချည်းသာ ဖြစ်တော့သည်။ သို့သော် ဒကာဒကာမ များစွာတို့သည်
ဆရာတော်၏ ပုံတော်ပွားကို မိမိတို့အနားတွင် ပင့်ဆောင်ဆည်းကပ်ခွင့်မရခဲ့ကြပေ။
ဆရာတော်ကို ဓာတ်ပုံဗွီဒီယို မရိုက်ရဲကြသောကြောင့် ဖြစ်သည်။
တင်ပြပေးလိုက်သောပုံမှာ ကောလင်းမြို့မှ ဓာတ်ပုံဆရာတစ်ဦးက
အရဲစွန့်လျှောက်ထားတောင်းပန်၍ ကြောက်ကြောက်နှင့် ရိုက်ခဲ့ရသော ပုံတစ်ပုံ
ဖြစ်ပါသည်။ ထပ်မံရိုက်ကူးခဲ့ရသဖြင့် ကြည်လင်ပြတ်သားမှု မရှိခဲ့လျှင်လည်း
ဤမျှဖြင့် ကျေနပ်ပေးစေလိုပါသည်။ မဖူးတွေ့ မကြည်ညိုဖူးသူများလည်း
စိတ်မနောဖြင့် ကုသိုလ်ပွားနိုင်ရန် အောက်တွင် ဆရာတော်၏ အကြောင်းကို
အကျဉ်းဆုံး တင်ပြပေးလိုက်ပါသည်။
ဆရာတော်သည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စက္ကဘာတင်ကုတ်ကြီးကျးရွာဇာတိဖွား ဖြစ်သည်။ ငယ်စဉ်အခါက မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်းတွင်(ဆရာတော်ဦးနန္ဒိယ လက်အောက်တွင်) ပညာသင်ကြားခဲ့သည်။ နောက်ပိုင်းတွင် တန့်ဆည်မြို့နယ် ချောင်းဆုံကျေးရွာ ဘိုကုန်းကျောင်းမှာ နှစ်ပေါင်းများစွာ သီတင်းသုံးကာ သာသနာပြုတော်မူခဲ့သည်။ ဆရာတော်သည် မြွေဆိုးကိုက်သည်ကို ဆေးကုသမှုမခံယူဘဲ ရတနာသုံးပါး ဂုဏ်တော်ပွားလျက်သာ (အနုဿတိဘာဝနာဖြင့်) နေခဲ့သောကြောင့် မျက်လုံးတစ်ဖက် အမြင်ချွတ်ယွင်းခဲ့သည်ဟု သိရပါသည်။ ဇာတိရပ်ရွာရှိ ရွာပေါင်းများစွာ အလေးအမြတ်ထားသော သမိုင်းဝင်ရွှေမုဋ္ဌော(မြေစိုက်)စေတီ လုံးဝပြိုကျပျက်စီးသွားချိန်တွင် ချောင်းဆုံဘိုကုန်းကျောင်းကို တပည့်ကြီးများအား လွှဲအပ်ခဲ့ပြီး ဇာတိရပ်ရွာသို့ ပြန်ကြွလာခဲ့သည်။ ပြိုကျပျက်စီးသွားသော စေတီတော်ကြီးအား အသစ်တဖန်အုတ်မြစ်ချတည်ထားရင်းဖြင့် သာသနာပြုလျက်ရှိသည်မှာ ဆယ်နှစ်ခန့်ရှိပေပြီ။ စေတီတော်ကြီးမှာ ယခုထက်တိုင် မပြီးစီးသေး။ အကြောင်းမှာ ဆရာတော်သည် စေတီဝန်းကျင်တွင် ရင်ပြင်မှအစ တန်ဆောင် တံခွန် ရေကန် ဥယျာဉ်များဖြင့် ဘုရားကျောင်းတော်သရုပ်ကို ချဲ့ထွင်ပုံဖော်နေသောကြောင့် ဖြစ်ပါသည်။ ဘုရားဖူး တရားနာ ကြွရောက်လာသူ ဒကာဒကာမအပေါင်းတို့မှာ ကြည်နူးအေးမြမှုများစွာ ဖြစ်နေကြရလေသည်။

No comments:
Post a Comment