မိုးလင်း ယာဆင်း
နေ့ခင်း လယ်တွင်း
ညခင်း တလင်း
မင်းတို့စားဖို့ အတွက်
ဒင်းတို့ကြွားဖို့ မဟုတ်
မင်းတို့သုံးဖို့ အတွက်
ဒင်းတို့ဖြုန်းဖို့ မဟုတ်
မိုးချုပ်နေ၀င်,မိုးလင်းနေထွက်
ငါတို့အတွက်မဟုတ်ခဲ့
ငါတို့တစ်သက် အလုပ်နဲ့လက်
မင်းတို့အတွက်ဖြစ်ခဲ့တယ်
လူငယ် အမောင် လူငယ်
နောင်ဝယ်လူကြီး သင်ဖြစ်ပြီးသော်
မင်းတို့အတွက် အသက်ဆက်ခဲ့တဲ့
နေမမြင်လူသား တောင်သူများကို
ကြည်ဖြူအားပေး မြှောက်စားရေးလည်း
ကြံတွေးလုပ်ဆောင်နေရစ်လော့။
No comments:
Post a Comment