#navbar { display: none; } or: #navbar-iframe { display: none !important; }

Thursday, 24 January 2013

အွန်လိုင်းမှသည် အပြင်ကမ္ဘာဆီသို့


အမျိုးသားရေးစိတ်ဓာတ် လှုံ့ဆော်စာတွေ အင်တနက်လိုင်းပေါ်မှာ နေ့စဉ်နဲ့အမျှ များပြားစွာ တွေ့ရကြည့်ရ ဖတ်ရပါတယ်။ မြန်မာတွေ ရေးတာ တင်တာတွေလည်း အများကြီး တွေ့ကြရ ကြည့်ကြရ ဖတ်ကြရမှာပါ။ ဒါပေမယ့် တကယ့်လက်တွေ့လောကမှာ ထူးခြားတာ မတွေ့ရပါဘူး။ အဲဒီလို လှုံ့ဆော်တဲ့ အင်တာနက်စာစကားတွေရဲ့ အကျိုးသက်ရောက်မှုဟာ အပြင်လူတွေကြား ရောက်မလာဘူးထင်ပါတယ်။ အနည်းစုလောက်ဆီမှာသာ သက်ရောက်ပြီး အဲဒီအနည်းစုဆိုတာကလည်း သိပြီးသား အမျိုးသားရေးစိတ်ဓာတ်ရှိပြီးသားတွေ များမှာပါ။ ဒါကြောင့် အင်တာနက်ပေါ်က ဘာသာရေး ဝေဖန်ပြစ်တင်ရှုတ်ချမှုနဲ့ လှုံ့ဆော်မှုစာအရေးအသားတွေဟာ အလေးထားစရာ ဖြစ်မလာဘဲ ငြီးငွေ့စရာမျိုးတွေ ဖြစ်လာပုံရပါတယ်။ အထူးသတိပေးခံရတဲ့ မြန်မာသမီးပျိုတွေက ပိုပြီး ငြီးငွေ့လာကြသလား မသိ။ ယနေ့အချိန်ထိ အပြင်မှာ သူတို့တွေ အဆက်မပြတ်ကြ၊ ရမ္မက်ကပ်မြဲ တတွဲတွဲနှင့်။ မြင်ရတဲ့အချိန်ကျမှ ၀င်ဆွဲလို့ မရပါ။ ဘုန်းကြီးဆိုရင် ပိုလို့ပင် အပြစ်တင်ခံရမယ်။ ကုလမစ္ဆရိယဖြစ်ရလို့ သူတို့ပေးတဲ့ အကုသိုလ်တွေပဲ ရဟန်းတွေရဲ့ ကြီးပွားတိုးတက်မှုတစ်ခုလို ဖြစ်လာပါပြီ။ အကုသိုလ်တွေ မများချင်လို့ ရဟန်းတွေရော လူတွေပါ အကုသိုလ်နည်းရအောင် ဒီစာလေးတစ်စောင် ရေးလိုက်မိပါတယ်။ ဒီစာလေးထဲကအတိုင်း အွန်လိုင်းရောက်/မရောက် မြန်မာအမျိုးသားအမျိုးသမီးတွေက ၀ိုင်းဝန်းကူညီကြစေလိုပါတယ်။
..............................................................................................
အပြင်မှာ မြန်မာကောင်လေးတွေက ကောင်မလေးတွေကို လက်တွေကူညီဖေးမကြဖို့ လိုပါတယ်။ အင်တာနက်မှာပဲ ဆဲဆိုပြစ်တင်နေတာထက် စာရင် ကိုယ့်အမျိုးသားရဲ့ နွေးထွေးတဲ့စိတ်ဓာတ်ကို ဖော်ပြရာလည်းရောက်လို့ အမျိုးသားအချင်းချင်း လေးစားပြီး အလိုလို ဆင်ခြင်သွားကြလိမ့်မယ်ထင်ပါတယ်။ မြန်မာအမျိုးသား အတော်များများဟာ လမ်းတွေ့ရင် ပါးစပ်သရမ်းဖို့ အကြည့်စိမ်းစိမ်းကြည့်ဖို့လောက်နဲ့ ပြီးတော့ အထင်သေးသလိုလို မာနကြီးသလိုလို စတဲ့ ပြုမူဆက်ဆံမှုတွေက နည်းလမ်းမကျသလို ဖြစ်နေတာကြောင့် မိန်းကလေးများဟာ အနေအထိုင် ကျဉ်းကြပ်သလိုဖြစ်နေမယ်ထင်ပါတယ်။ ဒါကြောင့် အနေပိရိသူတွေဆီကို ထွက်ပေါက်တစ်ခုအဖြစ် ပိပိရိရိလေးပဲ ရောက်ရောက်သွားတတ်ကြတာ ဖြစ်မှာပါ။ ရိုင်းပြတဲ့ မယဉ်ကျေးတဲ့ စိမ်းကားတဲ့ ရွဲ့စောင်းတဲ့ အထင်သေးတဲ့ နှိမ့်ချတဲ့ အကြည့်ကအစ ပြုမူပြောဆိုဆက်ဆံတာတွေကို ရှောင်ရှားကြဖို့ လိုပါတယ်။ မြန်မာ့သားသမီးတွေဟာ အချင်းချင်း မေတ္တာပါတဲ့ ပြုမူပြောဆိုဆက်ဆံမှုတွေ ပြုကြဖို့လိုပါတယ်။

မြန်မာအမျိုးသားတစ်ယောက် ကေတီဗွီ ဆိုလား အဲဒီကို သွားမယ့်အစား၊ မူးယစ်သောက်စား ၀ိုင်းဖွဲ့မယ့်အစား အပျော်အပါးနေရာမှာ သုံးဖြုန်းမယ့် အဲဒါတွေကို အသုံးပြုပြီး အချိန်လေး နဲနဲပေး အမျိုးရဲ့သမီးပျိုတွေကို မျက်ခြေမပြတ် ကူညီဖေးမကြမယ်ဆိုရင် အဆင်ပြေတဲ့ တစ်နေ့ကို ရောက်လာမှာ သေချာပါတယ်။ မဖွယ်မရာ ဖြစ်လာတဲ့အသံ ကြားရမှ ပြစ်တင်မယ်ဆိုရင် မြန်မာတွေညံ့တာကို ဖော်ပြရာရောက်ပါတယ်။ နောက်ဆုံး မဖုံးနိုင် မဖိနိုင် အရှုံးတွေနဲ့ ရင်ဆိုင်ရမှ မျက်ရည်နဲ့အမုန်းကို ရင်မှာပိုက်ပြီး ကတုံးတွေဆီ ပြသနာသယ်သယ်လာတာဟာလဲ တကယ်မကောင်းပါဘူး၊ ရှက်စရာကောင်းပါတယ်။

အွန်လိုင်းပေါ်မှာ တစ်ဖက်လူမျိုးတစ်မျိုးကိုချည်း ပြစ်တင်ဆဲဆိုနေတာ အကျိုးမရှိနိုင်ပါဘူး။ သူများကလည်း ကိုယ့်ကို အထင်သေးသလို ကြာလာရင် ကိုယ့်အမျိုးသားချင်းကိုက ငြီးငွေ့လာနိုင်ပါတယ်။ နောက်တစ်ခုက အမျိုးသားရေး နိုးထစေတဲ့ စိတ်ဓာတ်နိုးကြားရေးကို ဆောင်ရွက်တဲ့ နေရာမှာ နည်းလမ်းတစ်ခုကို သတိရစေချင်ပါတယ်။ ဥပမာ ... မွတ်စ်လင်မ် တစ်ဦးက သူကိုယ်တိုင် သူ့အမျိုးသား မကောင်းကြောင်းကို ရေးတင် လိုက်မယ် ဆိုပါစို့။ တခြား မွတ်စ်လင်မ်အမျိုးတွေကတော့ မြန်မာတွေ တင်တယ်လို့ ထင်ကြမှာပဲ။ မြန်မာတွေကို မုန်းမယ်၊ မြန်မာတွေကို ရင်ထဲကကျိတ်မှိတ်ပြီး အငြိုးအတေးတွေ ထားမယ်၊ မြန်မာတွေဆီက ဘာရရယူမယ်ဆိုတဲ့ သူတို့ရဲ့ အမျိုးသားစိတ်ဓာတ်ကို အမုန်းအာဃာတများစွာနဲ့အတူ ပေါက်ဖွားပေးလိုက်ပါတယ်။ ဖတ်ရတဲ့ မွတ်စ်လင်မ်လူမျိုးတွေက နဲနဲမဟုတ်ဘူး၊ အများသားပဲ။ စဉ်းစားကြည့်၊ သူတို့ အရင်ကထက် မကြိုးစားပေဘူးလား။ ဒါပေမယ့် ဖတ်ရတဲ့ မြန်မာအမျိုးသားတွေ ဘာများဖြစ်သလဲ။ အင်တာနက်စာမျက်နှာ နဲ့ အပြင်မှာဆက်ဆံလိုက်ရတာနဲ့ မတူညီတာတွေ့သွားစေလိမ့်မယ်။ သူတို့တတွေက အပြင်မှာ တကယ်ပဲ ကိုယ့်ကိုယ်ကို နှိမ်ချပြီး အရောတ၀င် ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံပြီး မြန်မာထက်သာတဲ့ အမူအယာကို ပြမယ်... ဒါဆိုရင် အင်တာနက်စာမျက်နှာပေါ်က မြန်မာတွေရေးတဲ့ စာမျက်နှာဟာ အမှန်တရားဖြစ်ရင်တောင်မှ ဘာသာရေးစော်ကားမှုပုံစံပဲ ဖြစ်သွားပြီး ကိုယ့်မြန်မာအမျိုးသားတွေလဲ အမျိုးသားရေးလှုံ့ဆော်မှုတွေကို ငြီးငွေ့ခြင်းနဲ့အတူ တစ်ဖက်သားကို ကြည်ဖြူမြဲသာ ဖြစ်နေပါလိမ့်မယ်။

နောက်တစ်ခုက မိန်းကလေးတွေကိုလည်း ပြောလိုက်ပါ။ ကိုယ့်အမျိုးသားချင်း ဖေးမတာကို မာနကြီတစ်ခွဲသားနဲ့ မူမနေကြဖို့၊ ကိုယ့်ကိုယ်ကို အကျဉ်းအကြပ်ထဲမှာ ချုပ်နှောင်မထားဖို့၊ အမျိုးသားချင်း ဖေးမကူညီတာကိုလည်း အထင်အမြင်သေးစွာ ပြစ်တင်ရှုတ်ချခြင်း အတင်းနှောခြင်းများ ရှောင်ရှားကြဖို့ ၊ အမျိုးသမီးဖြစ်ပေမယ့် ကိုယ်ကလည်း ကူညီဖေးမနိုင်တဲ့ အနေအထားမှာ ရှိနေရင် ကူညီဖေးမကြဖို့ လိုတယ်ဆိုတာ အချင်းချင်း ပြောပေးကြပါ။ ဣနြေ္ဒစောင့်တယ်ဆိုတာ မဟုတ်မဟတ်နေရာမှာ မဆင်မခြင်ပြုမူနေထိုင်တာကို ရှောင်ဖို့အတွက်လေးပါ။ အမျိုးသားချင်း ရင်းနှီးခင်မင် ချစ်ခင်ကြင်နာ နွေးထွေးစွာနဲ့ ပြုမူပြောဆိုနေထိုင်ပြီး ဖေးမတာကို ဣနြေ္ဒမဲ့တယ်လို့ ခေါင်းထဲမှာ ထည့်မထားကြဖို့ သိကြစေချင်ပါတယ်။

အမျိုးသားရော အမျိုးသမီးတွေပါ အချင်းချင်း တစ်ဦးနဲ့တစ်ဦး နှိပ်လိုက်မယ် ကွပ်လိုက်မယ် ဖဲ့လိုက်မယ် စားလိုက်မယ် ဆိုတဲ့အတွေးတွေ စိတ်ဓာတ်တွေကို လွှင့်ပစ်လိုက်ကြပါတော့လို့ ရဟန်းတော်များဘက်မှနေ၍ တောင်းပန်ပါတယ်။

မြန်မာတိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ဓာတ်တွေကို တစ်မျိုးသားလုံးကိုယ်စား ဖိတ်ခေါ်ချင်ပါတယ်- အင်တာနက်က ထွက်ခဲ့ကြပါ၊ အပြင်လောကထဲမှာ မမြင်ယောင် ဆောင်မနေကြပါနဲ့။ မြန်မာအမျိုးသားတွေကို မှာလိုက်ချင်ပါတယ်။ အွန်လိုင်းပေါ်ရောက်တိုင်း ပေါ်ပေါ်လာတဲ့ မျိုးချစ်စိတ်ဓာတ်ကို အပြင်ကမ္ဘာမှာ အသုံးချစေချင်ပါတယ်၊ အွန်လိုင်းပေါ်က ဆင်းတာနဲ့ မျိုးချစ်စိတ်ဓာတ်ကို ချောင်ထိုးထားခဲ့တာမျိုး မလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

No comments: