Slideshow on this Picture
Sri Thai Superware Company ရဲ့ ပုဂံစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေနဲ့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ကိုအပိုင် နဲ့ မကြူကြူအောင်တို့ရဲ့ မင်္ဂလာပွဲ အတွက် ပင့်ဖိတ်ခဲ့တာ ဖြစ်ပါတယ်။ မွန်အမျိုးသားလေးနဲ့ ပဲခူးသူလေးတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်း အခမ်းအနားပေါ့။ အဲဒီနေ့က စာမေးပွဲတွင်းကြီးပါ။ ဒါပေမဲ့ သူတို့တတွေရဲ့ အပြုံးတွေကို ဦးဇင်းတို့ မေ့ထားလို့ မရပါဘူး။ အဲဒါကြောင့် မဖြစ်ဖြစ်အောင် သွားပေးခဲ့ပါတယ်။
တစ်ကြိမ်မဟုတ် နှစ်ကြိမ်ဆိုတော့ စီထိုင်းမြန်မာလုပ်သားတွေရဲ့ တက်ကြွမှုကို လျစ်လျူမရှုနိုင်တော့ပါဘူး။ တကယ်ပဲ တက်ကြွကြပါတယ်။ ဘယ်လို တက်ကြွကြသလဲ။ အလုပ်မှာပဲ တက်ကြွကြတာမဟုတ်ပါဘူး။ လူမှုရေး ဘာသာရေးတွေမှာလဲ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ကြတာ တွေ့ရသိရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ဘန်ကောက်က မြန်မာတွေ ရေဘေးနဲ့တွေ့ရတာကို ဆက်သွယ်ကူညီခဲ့ကြသေးတယ်ဆိုတာ ဘန်ကောက်သတင်းကလည်း ကြားရသလို စီထိုင်းမြန်မာတွေနှုတ်က ပြောပြတာကိုလည်း ကြားသိခဲ့ရပါတယ်။ ဦးဇင်းတို့ ရောက်သွားတဲ့ နေ့က တိုက်တိုက်ဆိုင်ဆိုင်ပါပဲ စီထိုင်းမြန်မာတွေရဲ့ ဆောင်ရာသီဘောလုံးအားကစားပြိုင်ပွဲ ကွင်းဖွင့်ပွဲနေ့ ဖြစ်နေပါတယ်။ စီထိုင်းဖလားပေါ့။ ကမ္ဘောဒီးယား တွေလည်း အများသား ရှိပေမယ့် ပြိုင်ပွဲ မ၀င်တာမို့ မြန်မာချည်း (၈)သင်း ကစားမယ်လို့ ပြောပြပါတယ်။ ဦးဇင်းတို့ ရောက်သွားတဲ့အချိန်က စောနေသေးတော့ ကွင်းဖွင့်ပွဲအပြီးထိ မနေနိုင်ခဲ့ပါဘူး။ စာကလည်း ကြည့်ရအုံးမှာမို့ အမြန်ပြန်ပြေးခဲ့ရတာပါ။ ဒါပေမဲ့ ဘောလုံးကွင်းကို လိုက်ပြလို့ စီထိုင်းမြန်မာ ဘောလုံးအားကစားသမားတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ကိုဌေးဝင်း ကိုစိုးဝင်း စတဲ့ မြန်မာလုပ်သားခေါင်းဆောင်ပိုင်းများက လိုက်ပါရှင်းပြခဲ့ကြတာပါ။ ဘောလုံးကွင်းနဲ့ တစ်ဆက်တည်းမှာ ဘော်လီဘောကွင်း ပိုက်ကျော်ခြင်းခတ်ကွင်း တွေကိုပါ သေချာစီစဉ်ပေးထားတာ တွေ့ရပါတယ်။ လူငယ်လုပ်သားတွေအတွက် တကယ်စိတ်ကြည်နူးဖွယ် ဖြစ်မိပါတယ်။ အခု ဆောင်ရာသီ စီထိုင်းဖလားလုပွဲမှာ သုံးသင်းရွေးပြီး ဆုချမယ်လို့ ဆိုပါတယ်။ အရင်နှစ်ကတော့ ရန်ပုံငွေထဲက ဆုချတဲ့အပြင် လုပ်သားမန်နေဂျာကလည်း ဘတ်တစ်သောင်း ဆုချခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်လည်း မန်နေဂျာက အားပေးမှာမို့ ကွင်းဖွင့်ပွဲမှာ မေနေဂျာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးဖို့ စောင့်ဆိုင်းနေကြတာ တွေ့ခဲ့ရပါတယ်။ စီထိုင်းမြန်မာတွေနဲ့တွေ့ခဲ့ရတဲ့ အမှတ်တရဓာတ်ပုံတချို့ကို ဆလိုက်နဲ့ တင်ပြပေးထားပါတယ်။ ကြည့်ချင်ရင် အပေါ်က ဓာတ်ပုံကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။
Sri Thai Superware Company ရဲ့ ပုဂံစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေနဲ့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ကိုအပိုင် နဲ့ မကြူကြူအောင်တို့ရဲ့ မင်္ဂလာပွဲ အတွက် ပင့်ဖိတ်ခဲ့တာ ဖြစ်ပါတယ်။ မွန်အမျိုးသားလေးနဲ့ ပဲခူးသူလေးတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်း အခမ်းအနားပေါ့။ အဲဒီနေ့က စာမေးပွဲတွင်းကြီးပါ။ ဒါပေမဲ့ သူတို့တတွေရဲ့ အပြုံးတွေကို ဦးဇင်းတို့ မေ့ထားလို့ မရပါဘူး။ အဲဒါကြောင့် မဖြစ်ဖြစ်အောင် သွားပေးခဲ့ပါတယ်။
No comments:
Post a Comment