မိသားစုဝင်ထဲက ရပ်ဝေးမြေခြားမှာ အလုပ်သွားလုပ်တဲ့သူ ပညာသင်သွားတဲ့သူ တစ်ယောက်ယောက် ပြန်ရောက်လာတဲ့အခါ ဒီထုံးစံလေးကို လုပ်ကြတာပါတဲ့။ သေချာစီစဉ်ထားတဲ့ ချည်ကြိုးကလေးတွေ စားစရာသွားရည်စာလေးတွေကို ဒေါင်းလန်းပေါ်က ပန်းခွက်ဘေးမှာ ထည့်တင်ပါတယ်။ အဲဒီနောက် ဒေါင်းလန်းကို စုပြုံလက်ကိုင်ထားပြီး ဆုတွေတောင်းကြပါတယ်။ ပြီးတော့မှ တစ်ယောက်ကိုတစ်ယောက် လက်ကလေးတွေမှာ ကြိုးကလေးတွေ စည်းပေးပြီး ကြီးပွားတိုးတက်ကြောင်း ဆုမွန်ကောင်းတွေ တောင်းပေးကြပါတယ်။ အဲဒီလို ကိုယ်စီဆုတောင်းပေးကြပြီးတဲ့အခါ ဒေါင်းလန်းကို ၀ိုင်းကိုင်ဆုတောင်းပြီး သိမ်းပါတယ်။ ပုံလေးတွေက ဦးဇင်းတို့ အလည်လိုက်သွားတဲ့ သူငယ်ချင်းဦးဇင်း စာသင်ရာက ပြန်ကြွလာတာကို အကြောင်းပြုပြီး သူ့မိသားစုက အိမ်နီးနားချင်းတွေနဲ့အတူ ကျင်းပတာလေးပါ။ တကယ်တော့ ထေရ၀ါဒမျက်လုံးနဲ့ကြည့်ရင် ရဟန်းတွေနဲ့ မသက်ဆိုင်ပါဘူး။ သူတို့ လာအို ထုံးတမ်းအရတော့ ရဟန်းကိုလည်း အလွတ်မပေးပါဘူး - ရဟန်းတွေရော သီလရှင်တွေပါ ပါဝင်တာကို တွေ့ခဲ့ရပါတယ်။
No comments:
Post a Comment