#navbar { display: none; } or: #navbar-iframe { display: none !important; }

Thursday, 1 December 2011

ထိုင်းမှလာအိုသို့ Thailand to Laos








မဲခေါင်မြစ်ကို ကားပေါ်မှလှမ်းအကြည့်

လာအိုအ၀င် immigration





Vientiane (တောင်ပိုင်း) ဘတ်စ်ကားဂိတ်










ထိုင်း ခိုလတ်မြို့ကနေ လာအိုကို ဘတ် ၃၂၀ ပေးရတယ်။ ၆ နာရီကျော်လောက်စီးရပါတယ်။ ဗီဇာလုပ်စရာ မလိုပါဘူး။ ဦးဇင်းမို့လား မသိဘူး။ တခြားနိုင်ငံတွေကို သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဗီဇာ လုပ်ဖို့လိုပါတယ်။ တခြား အာစီယမ်နိုင်ငံသားတွေ လုပ်စရာ မလိုပါဘူး။ ဒါပေမဲ့ တရုတ်မာယာနသီလရှင်ကတော့ လာအို အ၀င်မှာ ဗီဇာလုပ်ခိုင်းလို့ လုပ်လိုက်ရပါတယ်။ သူက ပတ်စ်ပို့ထဲမှာ လူဝတ်နဲ့ ဖြစ်နေတာလည်း ပါမယ်ထင်တယ်။ ကားက တစ်ခါပဲ နားပါတယ်။ မနက်ခင်း ၉ နာရီက ထွက်တဲ့ကားဟာ ၁၂ နာရီ မကျော်ခင်မှာ ထမင်းစား နားပေးပါတယ်။ အအောင့်ခက်သူတွေအတွက်တော့ သတိထားသင့်တဲ့ ခရီးတစ်ခုပါပဲ။ Vientiane (ဗွီယင်န်ချန်) ကားဂိတ်ရောက်တော့ ကားလာကြိုပါတယ်။ အိမ်ရောက်တဲ့အထိ ပုံလေးတွေပါ။ ပုံထဲမှာ Vientiane (လာအို) ကနေ နေ (Korat) ထိုင်းကို ဘယ်အချိန်တွေ ကားပြေးတယ်ဆိုတာ ပါပါတယ်။ အခွင့်သာတဲ့အခါ ဗဟုသုတဖြစ် သွားရောက်လည်ပတ်နိုင်ကြပါစေ။

No comments: