လာအိုမှာ ဘယ်နေရာ သွားသွား ဒေါင်းလန်းနဲ့ စားရမယ်။ စာသောက်ဆိုင်တွေလောက်ပဲ မတ်တပ်စားပွဲ ရှိတယ်။ အိမ်တွေ ကျောင်းတွေမှာတော့ ဒေါင်းလန်းနဲ့ပဲ စားကြတယ်။ မြန်မာမှာလဲ ရှေးက သုံးခဲ့ကြပါတယ်။ ဦးဇင်းတို့ငယ်ငယ်မှာတောင် ဒေါင်းလန်းကို ချောင်ထိုးထားနေပါပြီ။ ရှေးသုံးရှိပါလားလို့ သိရုံသာ မြင်တွေ့ခွင့် ရလိုက်ပါတယ်။ လာအိုရောက်တော့မှ မြန်မာရှေးရိုးလေးကို တွေးမြင်ကြည့်လိုက်နိုင်ပါတယ်။ ပုံတွေထဲမှာ ဟင်းခွက်တွေတင်ထားတဲ့ဟာက အလှမဟုတ်ပါဘူး၊ စားပွဲအစားထိုး သုံးတဲ့ ဒေါင်းလန်းဆိုတာပါပဲ။ သူတို့ဆီမှာ စားပွဲပေါ် ထမင်းခွက်တင်စားစရာမလိုသေးလို့ မပျောက်သေးတာလဲ ဖြစ်နိုင်ပါတယ်။ အခုချိန်ထိတော့ နေရာတကာမှာ ကြိမ်ခြင်းတောင်းလေးထဲက ကောက်ညင်းကို ဆုပ်စားရုံသာဖြစ်ပြီး ထမင်းစားကြတာ မဟုတ်တော့လေ။
No comments:
Post a Comment