ရှေ့ရောက်တယ်
ဘယ်လိုဘယ်ညာနဲ့ ဆွဲချချင်ကြတယ်။ အယူကွဲပြားသူတွေက ပြောချင်သလိုပြောပါစေ
ဘာသာခြားမို့ နားလည်ပေးလို့ရတယ်။ ဒါပေမယ့် ကိုယ့်ဘာသာဝင်တွေထဲကကို အဲဒီလို
ပြောချင်နေကြတာများတယ်။ ဘုန်းကြီးတွေက ထောက်ပြတတ်တာဆိုတော့ မကြိုက်ဘူးပေါ့။
ဒီတော့လည်း ဘုန်းကြီးနဲ့ပေးတွေ့ဖို့ ဘယ်ဖြစ်ပါ့မလဲ။
ထိုင်းနိုင်ငံမှာတော့ ကြည့်ပါအုံး။ ကြည်နူးမဆုံး တပြုံးပြုံးဖြစ်နေတဲ့ အိုဘားမားတို့တတွေရဲ့ ဘုန်းကြီးကျောင်းရောက် ပီတိတွေ။
အိုဘားမားက သူ ဗုဒ္ဓဘာသာကို စိတ်ဝင်စားခဲ့တယ် ဆိုတဲ့အကြောင်း ဘုန်းကြီးကို ၀န်ခံသွားခဲ့ပါတယ်။ ကလင်တန် ဒကာမကြီးကလဲ သူ့အချစ်တော် ဘီးလ်ကိုခေါ်ပြီး ထိုင်းဘုန်းကြီးကျောင်းကို နောက်တစ်ခေါက် အရောက်လာအုံးမယ်တဲ့။
အိုဘားမား ဘုန်းကြီးကျောင်းကို ဘယ်လောက်စိတ်ဝင်စားသွားလဲ မပြောပါနဲ့ သူ့သမီးလေးတွေကို ဘုန်းကြီးကျောင်းနဲ့ပတ်သက်တဲ့ လက်ဆောင်ပေးချင်လို့ သူ့လူတွေကို ရှာခိုင်းသေးတာပဲကြည့်။ တွေ့သွားတဲ့ အသင့်တော်ဆုံးလက်ဆောင်က ဘုန်းကြီးကျောင်းအကြောင်း စာအုပ်။ အတုယူစရာပါ၊ ဘုန်းကြီးကျောင်းအကြောင်း စာအုပ်တို့ လက်ကမ်းစာစောင်တို့ ဘုရားသမိုင်းတို့ အမှတ်တရယူတဲ့သူက တော်တော့်ကို ရှားတယ်။ အခမဲ့ဝေရင်တောင် အဲဒီလက်ဆောင်မျိုး မသယ်ချင်တာမို့ သိပ်မစွဲ၊ ၀ယ်ယူရမှာဆို လိုချင်ရင်တောင် တော်တော်စဉ်းစားကြတယ်။
ဘုန်းကြီးကျောင်းဝင်းထဲက လဲလျောင်းတော်ဘုရားရုပ်ပွား (Reclining Buddha statue) ထားရှိရတဲ့အကြောင်း ကလင်တန်သိချင်လို့ မေးတော့ ဘုန်းကြီးက အဲဒါ ငြိမ်းချမ်းမှု နဲ့ အောင်မြင်ရေး အမှတ်အသားတစ်ခုလို့ ပြောပြလိုက်တာကလဲ မှတ်သားစရာပါ။
စပ်မိလို့ ပြောချင်တယ်။ မလေးရှားမှာ လဲလျောင်းတော်ကို အင်္ဂလိပ်လို Sleeping Buddha လို့ သုံးကြတယ်။ အိပ်နေတဲ့ဘုရားလို့ ဆိုလိုရာရောက်သွားတယ်။ ဗုဒ္ဓဘာသာဆိုင်ရာ ဝေါဟာရအသုံးမှာ အမှန်က reclining Buddha ပါ။ လဲလျောင်းနေတာပါ။ အဲဒါလဲ အင်္ဂလိပ်စာလိုက်စားတဲ့သူတွေ မှတ်ထားသင့်ပါတယ်။ မလွဲရင် အကောင်းဆုံးပေါ့။
ဘုန်းကြီးနဲ့ အိုဘားမားပြောတာလေးတွေ စိတ်ဝင်စားစရာကောင်းတယ်။ ရယ်မောစရာလေးတွေလည်း ပါတယ်။ ဘာသာရေးကို ရိုသေလေးစားသမှုပြုတာလေးတွေနဲ့အတူ ဘာသာတရားစိတ်ဝင်စားမှုလေးတွေ ရောထွေးစီးဝင်နေတဲ့ အမေရိကန်သမ္မတတစ်ယောက်ရဲ့ ဘုန်းကြီးကျောင်းသို့အလည်တစ်ခေါက်ဟာ ကြည်နူးစရာပါ။
အိုဘားမားက ကလေးတွေရှိသေးတာကြောင့် သုံးကြိမ်မြောက်တော့ အရွေးမခံချင်တော့တဲ့အကြောင်း၊ နောက်တစ်ခါ သူ့အလှည့်လို့ ဟီလာရီကလင်တန်ကို မေးငေါ့ပြခဲ့တဲ့အကြောင်းလေးတွေလည်း ပါတယ်။
အပြည့်အစုံဖတ်ချင်ရင် ထိုင်းဆိုက်မှာတင်ထားတယ်။ http://www.nationmultimedia.com/national/Temple-tour-marked-by-humour-respect-interest-in-B-30194580.html
Clinton asked the monk why there was a Reclining Buddha statue and she was told that it was a symbol of peace and success.
Mrs Clinton said she would return with her husband Bill to show him the temple.
Obama said it was just a rumour but noted that he was interested in Buddhism.
The US president smiled even broader when the assistant abbot told him that he was like Bodhisattva as he was not just President of the US but the whole world.

No comments:
Post a Comment